Monday, December 6, 2010

တိုင်းပြည်ကို အကျိုးပြုခဲ့သော စစ်ခွေးများ


မူရင်း - http://true-myanmarnews.blogspot.com/


တပ်ကြပ်ကြီး Stubby နဲ့သူရခဲ့သော ဆုတံဆိပ်များ

အမေရိကန်နိုင်ငံက ပထမဆုံး စစ်ခွေး အမည်ကတော့ Stubby ဖြစ်ပြီး ၁၈ လအတွင်းမှာ တိုက်ပွဲ ၁၇ ကို ပါဝင်အမှု့ထမ်းဆောင်ခဲ့ ပါတယ်။ ၁၉၁၈ ဖေဖော်ဝါရီလမှာ တပ်ရင်းတစ်ခုလုံးကို အံ့သြသင့်ဖွယ်ရာ ဓါတ်ငွေ့ဖြင့် တိုက်ခိုက်ခြင်းရန်ကနေကယ်တင်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်မှာ တပ်ကြပ်ကြီးရာထူး တိုးမြှင့်ခြင်းကိုခံရပြီး ဆုအများဆုံးရတဲ့ ခွေးတစ်ကောင်ဖြစ်ခဲ့ပါတယ်။ ဒဏ်ရာရလို့ အနားပေးထားတဲ့အချိန်မှာတောင်မှ စစ်မြေပြင်မှ သတင်းများကိုသယ်လာပေးခြင်း၊ ဂျာမန် ထောက်လှမ်းရေးတစ်ယောက် ချုံပုတ်ထဲ မှာ ပုန်းအောင်းနေတာကို ဖမ်းပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ထိုင်နေရင်းနဲ့ ခြုံပုတ်ထဲက အသက်ရှုးသံ ကိုကြားလို့ဆင်းသွားပြီး ခြုံပုတ်ကို အဆက်မပြတ်ဟောင်နေကာ အသိပေးခဲ့ပါတယ်။ အဲ့ဒီဂျာမန်က ပြေးမယ်လုပ်တဲ့အချိန်မှာတော့ မပြေးနိုင်အောင် Stubby က သူ့ရဲ့ခြေထောက်ကို လှမ်းကိုက်ပြီး လဲကျစေခဲ့ပါတယ်။ ထိုမှတဆင့် လက်၊ ခန္ဓာကိုများကို ဆက်လက်တိုက်ခိုက်ပြီး နောက်ဆူညံသံကြောင့် စစ်သားများထွက်လာချိန်မှာတော့ ဂျာမန် ထောက်လှမ်းရေးကို ဖမ်းဆီးရမိခဲ့ပါတော့တယ်။ သူဟာ အမေရိကန် စစ်တပ်ထဲမှာ ပထမဆုံး အရာထူးအမြှင့်ဆုံးရတဲ့ ခွေးတစ်ကောင် အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ စစ်ပွဲအပြီးမှာတော့ အမေရိကန် နိုင်ငံ Georgetown တက္ကသိုလ်မှာ သူ့သ္ခင်နဲ့ အတူနေထိုင်ပြီး ၄/၄/၁၉၂၆ မှာတော့ ရောဂါတစ်ခုကြောင့် သေဆုံးသွားခဲ့ပါတယ်။



Rags

Rags လို့အမည်ရတဲ့ တယ်ရီယာစပ် ခွေးကတော့ ပထမကမ္ဘာစစ် ပြင်သစ်နိုင်ငံ ရှေ့တန်းခြေလျင်တပ်ရင်း တစ်ခုရဲ့ လာဒ်ကောင်လေးဘဲဖြစ်ပါတယ်။ ၁၉၁၇ မှာ စပြီးပြင်သစ်တပ်မတော်တွင် အမှု့ထမ်းခဲ့ကာ ၁၉၃၁ သေဆုံးခဲ့ပါတယ်။ သူရဲ့တာဝန်ကတော့ ရှေ့တမ်းမှ စာတွေကို နောက်တမ်းကိုပို့ပေးရတာဖြစ်ပါတယ်။ သူရဲကောင်းခွေးတစ်ကောင်ဖြစ်ခဲ့တာကတော့ ၁၉၁၈ Meuse-Argonne ပွဲမှာ ရှေ့တမ်းမှာ ပြင်သစ်တပ်တွေဟာ အရေးနှိမ့်နေတဲ့အချိန်မှာ သူနဲ့ စာပို့ခိုင်းပြီး နောက်တမ်းကို စစ်ကူတောင်းခဲ့ပါတယ်။ Rags ဟာ စာကိုသယ်ယူလာစဉ်မှာ ဗုံးကျင်းထဲကျပြီး ဓါတ်ငွေ့သင့်ကာ မျက်လုံးနှစ်လုံးစလုံး သေတဲ့အထိ ကောင်းကောင်းမမြင်ရတော့ပါဘူး။ ဒါပေမဲ့ အဲ့ဒီလိုမုန်ဝါးဝါး နဲ့ ကျင်းထဲက ကျိုးစားထွက်ပြီး သူ့လုပ်ရမဲ့တာကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်။

၁၉၂ဝ မှာတော့ ဗိုလ်မှုးကြီး Raymond W. Hardenberg ကသူကို မွေးစားခဲ့ပါတယ်။ နောက်သေဆုံးသွားတဲ့အချိန်မှာတော့ Aspen အာဇာနည် ကုန်းမှာ မြေမြှုပ်ခဲ့ပါတယ်။

Tuesday, October 19, 2010

Poison for the dogs

သင့်အချစ်တော်ခွေးကို အဆိပ်သင့်စေနိုင်သော အစားအသောက်များ

Wednesday,6 October 2010, 18:24

အစားအစာ အများစုဟာ ခွေးတွေကို တကယ်အန္တရာယ်ဖြစ်စေနိုင်ပြီး သေတောင်သေစေနိုင်ပါတယ်။ ဒါကြောင့် သင့်အချစ်တော် ခွေးလေးကို မကျန်းမမာဖြစ်စေမယ့် အစားအသောက်တွေကို မကျွေးမိစေဖို့ သတိထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။


၁။ ထောပတ်သီး
ထောပတ်သီးဟာ ခွေးတွေအတွက် အဆိပ်သင့်စေနိုင်ပါတယ်။ ထောပတ်သီးမှာပါတဲ့ Persin ဆိုတဲ့ ဒြပ်ပေါင်းဟာတိရစ္ဆာန် အများစုမှာ ရှိတဲ့ နှလုံး၊ အသည်းနဲ့ တစ်သျူးတွေကို ထိခိုက်စေနိုင်ပါတယ်။ ထောပတ်သီးမှာပါတဲ့ အဆီဟာ ခွေးတွေကို ဗိုက်အောင့်တာ၊ အန်တာနဲ့ သရက်ရွက် ရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ထောပတ်သီး စားထားတဲ့အခါ ခွေးဟာအဆိပ်သင့်တဲ့ လက္ခဏာအနေနဲ့ အသက်ရှု မ၀ခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ နှလုံးတစ်ဝိုက် ရင်ခေါင်းပတ်လည်မှာ ရေတွေစုပုံခြင်း စတာတွေ ဖြစ်တတ်ပါတယ်။


၂။ ကြက်သွန်နီ
ကြက်သွန်နီဟာလည်း ခွေးတွေကို သေစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ကြက်သွန်နီဟာ သွေးနီဆဲလ်တွေကိုသေစေပြီး သွေးအားနည်း ရောဂါ၊ အားနည်းခြင်း၊ အသက်ရှူမ၀ခြင်းစတဲ့ ပြဿနာတွေကို ခံစားရတတ်ပါတယ်။ တစ်ကြိမ်စားရင် နည်းနည်းနဲ့ အချိန်ကြာလာရင် တောင်စုပြီး ဆိုးကျိုးခံစားရစေပါတယ်။ ကြက်သွန်နီ အစိမ်းလိုက်ရော၊ ချက်ပြီးသားပါ ခွေးအတွက် အန္တရာယ်ရှိပါတယ်။


၃။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူကို အများကြီးစားရင် ကြက်သွန်နီစားသလိုပဲ တူညီတဲ့ ဆိုးကျိုးတွေကို ရစေနိုင်ပါတယ်။


၎။ စပျစ်သီးနှင့် စပျစ်သီးခြောက်
စပျစ်သီးနဲ့ စပျစ်သီးခြောက်က ခွေးတွေမှာ ကျောက်ကပ် ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ စပျစ်သီးခြောက်ကို နည်းနည်းလေးပဲ စားမိရင် တောင် ခွေးဟာ သေစေနိုင်တာကြောင့် လုံးဝမကျွေးမိဖို့ သတိထားပါ။


၅။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှည့်မှည့်တွေဟာ ခရမ်းချဉ်သီးအစိမ်းတွေလောက်တော့ တိရစ္ဆာန်တွေအတွက် အန္တရာယ် မရှိပါဘူး။ခရမ်းချဉ်သီးစားမိပြီး အဆိပ်သင့်ရင် ခွေးဟာ သရေကျခြင်း၊ အသက်ရှု ကျပ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ ၀မ်းပျက်ဝမ်းလျှောခြင်း၊ ၀မ်းချုပ်ခြင်း၊ အန်ခြင်း၊ မျက်စိသူငယ်အိမ်ပြူးကျယ်ခြင်း၊ နှလုံးနဲ့ ဦးနှောက်အာရုံကြော ထိခိုက်ခြင်းစတဲ့ပြဿနာတွေကနေ သတိမေ့တဲ့အထိ ခံစားရတတ်ပါတယ်။


၆။ ဇာတိပ္ဖိုလ်သီး
ဇာတိပ္ဖိုလ်သီးကလည်း ခွေးတွေကို သေစေနိုင်တဲ့အထိ အစွမ်းထက် ပါတယ်။ ဇာတိပ္ဖိုလ်သီးဟာ ခြေတုန်လက်တုန်ခြင်း၊ တက်ခြင်းနဲ့ သေဆုံးခြင်းအထိ ဖြစ်တတ်ပါတယ်။

၇။ ကဖင်းဓာတ်

ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ ကော်ဖီစေ့၊ လက်ဖက်ရည်၊ ကိုကာကိုလာ စတာတွေကို သင့်ခွေးကို ယောင်လို့မှ မကျွေးမိပါစေနဲ့။ ကဖင်းဓာတ်က ဦးနှောက်နဲ့ အာရုံကြောစနစ်နဲ့ နှလုံးသွေးကြောစနစ်ကို လှုံ့ဆော်ပေါ်နိုင်တာကြောင့် အန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ နှလုံးခုန် မြန်ခြင်းနဲ့ နာရီပိုင်းအတွင်း သေဆုံးခြင်းတွေအထိ ဖြစ်စေနိုင်ပါတယ်။

၈။ ချောကလက်

သင့်ခွေးလေးကို ချစ်လွန်းလို့ ကိုယ်စားနေတဲ့ ချောကလက်လေးကို ခွဲဝေကျွေးလိုက်မယ်လို့များ တွေးနေပါသလား။အဲဒီစိတ်ကူးကို အခုပဲဖျက်လိုက်ပါတော့။ ချောကလက်ဟာ ခွေးကို တက်ခြင်း၊ သတိမေ့ခြင်းနဲ့ သေဆုံးခြင်းတွေအထိဖြစ်စေနိုင်တာကြောင့်ပါ။ ချောကလက်က အရောင်ရင့်လေ ခွေးအတွက် အန္တရာယ်ကြီးလေဖြစ်ပါတယ်။ ချောကလက်တစ်အောင်စဟာ ပေါင်၃၀ လေးတဲ့ ခွေးတစ်ကောင်ကိုတောင် သေစေနိုင်ပါတယ်။အဆိပ်သင့်တဲ့ လက္ခဏာတွေကိုလည်း အကြာကြီး မပြနိုင်ပါဘူး။ချောကလက်စားပြီး ၂၄ နာရီအတွင်း သေဆုံးသွားနိုင်ပါတယ်။

၉။ သစ်သီးစေ့များ

ပန်းသီးစေ့၊ သစ်တော်သီးစေ့၊ ဆီးသီးစေ့၊ မက်မွန်စေ့၊ချယ်ရီစေ့ စတာတွေမှာ အဆိပ်သင့်စေတဲ့ ဆိုင်ယာနိုက် ပါဝင်တာကြောင့် အဲဒီအစေ့ တွေကို သင့်ခွေးမစားနိုင်စေဖို့ ပြန့်ကျဲချထားတာမျိုး မလုပ်ပါနဲ့။

၁၀။ ဆားများစွာ

ဆားတွေကို အများကြီးစားတာကလည်း ခွေးတွေမှာကျောက်ကပ်ပြဿနာကိုဖြစ်စေနိုင်ပါတယ်။ ဆားအများကြီးစားထားတဲ့ ခွေးတွေဟာ ရေအမြောက်အမြားသောက်ပြီး သေတတ်တာကြောင့် အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်နေပါတယ်။

၁၁။ ဥအမျိုးမျိုး

ကြက်ဥ၊ဘဲဥစတဲ့ ဥအနှစ်အစိမ်းတွေမှာ ဆာမိုနဲလ်လားဘက်တီးရီးယားပိုးတွေပါဝင်နေတာကြောင့် မချက်ရသေးတဲ့ကြက်ဥ၊ ဘဲဥ စတဲ့ ဥအစိမ်းတွေကို သင့်ခွေးကို လုံးဝမကျွေးသင့်ပါဘူး။ ကြက်ဥ၊ ဘဲဥ အကာမှာလည်း avidin ဆိုတဲ့ ပရိုတင်းဓာတ်ပါဝင်ကာ ဘိုင်အိုတင် ပရိုတင်းကိုလျော့ကျစေပါတယ်။ ခွေးတွေမှာ ဘိုင်အိုတင်ဓာတ်ချို့တဲ့ရင် အားနည်းခြင်း၊အမွေးကျွတ်ခြင်း၊ ကြီးထွားမှု နှောင့်နှေးခြင်းနဲ့ အရိုး တည်ဆောက်မှု အားနည်းခြင်းစတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် သင့်ခွေးကို မကျက်တဲ့ ဥ အစိမ်းတွေကို လုံးဝမကျွေးသင့် ပါဘူး။


ရေးသားသူ-ဇွန်ခိုင်ဦး (ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်)
http://yatanarpon.com.mm/index.php?ch=cp_ghn&pg=my_lif_hea_lfs_ghn&ac=618

Saturday, January 2, 2010

ကာလသားဟင်းချက်နည်း

from http://nyeinzayoo.blogspot.com/2008/02/blog-post_22.html


ကုသိုလ် မကျိန်းသေသော်လည်း ၀မ်း ၀ နားငြီးသက်သာ ရပ်ကွက် အေးချမ်းမည့် ကာလသားဟင်းချက်နည်း....။ခပ်စွာစွာရန်လို ဟိန်းဟောက်တတ်သော ခွေးတစ်ကောင်ကို လေးလေးစားစား ကြင်ကြင်နာနာ အသိအမှတ်ပြုမှုဖြင့် သက်သက်သာသာ နတ်ရွာစံပါစေ။
ဝိညာဉ် မဲ့သွားသော ဘုန်းတော်ကြီးမြတ်လှသည့် ထိုခွေးမသာအား ကောက်ရိုးမီးခပ်ပြင်းပြင်းဖြင့် မီးမြှိုက်ပါ။

ကုန်းကော့ဖောင်းကြွလာသော ခန္ဓာကိုယ်အား ဓါးဖြင့် ခြစ် ကာ အမွေးများပြောင်ပါစေ။ ခွေးသား ခွဲစိတ် ဖြတ်တောက်ခြင်းအတွက် အရက်ပျံစိမ်ထားသော ခွဲဓါးမလိုပါ ။ဂျူတီကုတ်မလိုပါ ၊ဇာဂနာမလိုပါ၊ နားကြပ်မလိုပါ အဆင့်ဆင့်သော ခွေးဖျက်နည်း ကို ဖော်ပြလျှင် ရှည်ပါလိမ့်မည် .. ခွေးသားအနေတော်ရပြီဆိုကြပါစို့...။

၁။ဂျင်းငါးကျပ်သား (ဂျင်းထည့်ရမည်)
၂။ ကြက်သွန်ဖြူ ဆယ့်ငါးတက်
၃။ ကြက်သွန်နီဥကြီး ကိုးလုံး(အနှစ်များများရရန်)
၎။ ငရုတ်သီးပွကြီးဆယ့်လေးတောင့် ( အာပြဲချင်လျှင်ပိုသုံး)
၅။ ပဒဲကော ငါးကျပ်သား
၆။ စမုံမျိုးငါးပါး တစ်ကျပ်သား
၇။ ကရဝေးရွက် ခြောက်ရွက်
၈။ စပါးလင် သုံးပင် ( လင်ငယ်မဖြစ်ရ မူလ ဖြစ်ရမည် သုံးပင်)
၉။ ငရုတ်ကောင်း တမတ်သား ( ငယုတ် ကောင်း မဟုတ် )
၁၀။ နိဗ္ဗာန်ရွက် တကျပ်သား ( ဆေးခြောက်ဟုလည်းလွဲမှားစွာခေါ်ကြသည်)

အထက်ပါ ဆယ်မျိုးသော အရာတို့ အား လှီးဖြတ် ထုထောင်း ညက်ခြေ ရောစပ်ပြီးပါက အိုးကောင်းကောင်း ကြီးကြီး ထဲတွင် ဆီ နှစ်ဆယ့်ငါးကျပ်သားဖြင့် သတ်ပါ။ ဆီအလောတော်သတ်ပြီး လျှင် တိတိကျကျ မှန်မှန်ကန်ကန် တုံးတစ်ထားသော ခွေးသားများအား ထည့်ပါ ။ ငရုတ်ဆုံဆေးရေထည့်ပါ ။ အိုးဖုံးပိတ်၍ နှပ်ပါ မီးပြင်းလိုက် ပျော့လိုက် အလောတော် ချိန်ပေးပါ ရှဲရှဲသံထွက်လာလျှင် အိုးကြီးကို ယုယုယယ သွက်သွက်လက်လက် မိမိရရ ကိုင်ဖွင့်ပါ။
ပြီးလျှင် ရေ အနေတော် ထည့်ကာ ပြန်လည်၍ နှပ်ထားပါ ။ ထိုနည်းအတိုင်း အသံမြည် လာတိုင်း အိုးဖွင့် ရေထည့်ခြင်းပြုလုပ်ပြီး နာရီအနည်းငယ်အတွင်း အလွန်နူးအိအရသာ
ရှိလှသည့် ခွေးသားဟင်းတခွက်ရပါလိမ့်မည်။
ခွေးခေါင်းကို စွတ်ပြုတ်လုပ်ကာ ပါးစပ်တွင်းမှ အသားနုများအားလဲ စိတ်ပြေနပြေ ချစ်ဦးသူ ၏ နှုတ်ခမ်းကဲ့သို့ စုတ်လို က စုတ်နိုင်ပါသည်။ ပူစီနံ ပါးပါးလေးထည့်ပါ ထိုခွေးသားဟင်း ၀ါး မိပါက မူးယစ်ရီဝေ စွာဖြင့် ၀ါး သူ ၏ ၀မ်းမီးကို သိက္ခာရှိရှိ မွှေးမွှေးပျံ့ ပျံ့  ငြိမ်းစေပါလိမ့်မည်။
သို့ သော် ဘုန်းတော်ကြီးသော ခွေး ကိုတော့ နတ်ရွာစံခိုင်းရပါလိမ့်မည်။


ငြိမ်းဇေဦး