skip to main
|
skip to sidebar
burmese dog
Thursday, September 17, 2009
from snapshot journal
from - snapshot journal 2009 july 3
Sunday, September 13, 2009
artist dog
အင်န်ဝိုင်ကပန်းချီဆရာ အနုပညာအတွက် ဟောင်သံပေးခြင်း
တယ်ရီယာ ခွေးမလေး တယ်လီကို သူ ရေးဆွဲ တယ်ဆိုတဲ့ ပန်းချီကား နဲ့ အတူ တွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
တချို့ကတော့ တယ်လီကို ခြေနှစ်ချောင်း သတ္တ၀ါတွေရဲ့ ခေတ်ပြိုင်အနုပညာကမ္ဘာက အဓိပတိကြီးတွေရဲ့ ပြိုင်ဘက် အဖြစ် မြင်လာကြပါတယ်။
ဆေးအနီရောင်တွေ လိမ်းကျံထားတဲ့ အကောင်းစား သားရေပြား ပုံဆွဲစရာပေါ်မှာ သွားနဲ့ကိုက်ပြီးဆွဲရတာ ညောင်း လာရင် ခြေသည်းလက်သည်းနဲ့ ပြောင်းပြီး စိတ်အား ထက်သန်စွာနဲ့ ဆွဲနေတာပါ။
တစ်ခါတစ်ရံမှာတော့ ခဏနားပြီး သူ့လက်ရာတွေကို ပြန်ဆန်းစစ်တတ်ပါ တယ်။
စိတ်အားထက်သန်လာရင် သူ့ မျက်လုံးတွေ အရောင် တောက်လာပြီး တစ်ကိုယ်လုံးလည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေပါတယ်။
လျှာထွက် နေပြီးတော့ပေါ့လေ။ ပြီးရင် မာန်ဖီပြီး ပန်းချီလက်ရာကို လျှာနဲ့လျက်၊ ကုတ် ခြစ်ပြီး ဆွဲဆုတ် ပစ်တတ်ပါတယ်။
တစ်ခါတလေ မိန်းမောပြီးတော့ သူ့ နောက်က အခြွေအရံ လူခြောက်ယောက် နဲ့ ခွေးနှစ်ကောင်ကိုတောင် သတိမမူမိ တော့ပါဘူး။ သူ့အခြွေအရံတွေထဲမှာ ပန်းချီဆရာတစ်ယောက်နဲ့ ပန်းပုဆရာ တစ်ယောက်လည်း ပါဝင်ပါတယ်။
မိနစ် ၂၀ လောက်ကြာရင်တော့ ပန်းချီ ဆရာရဲ့လက်ထောက်လို့ သူ့ကိုယ်သူ ပြောတဲ့ စတူဒီယိုပိုင်ရှင် 'ဘိုမန်ဟေစတီး' က ဆွဲပြီးသား ပန်းချီလက်ရာကို ဘေး ကင်းရာကို ဖျတ်ခနဲ ဆွဲယူသွားပါတော့ တယ်။
တယ်လီပန်းချီဆွဲတာကို တစ်ခါမှမမြင် ဖူးတဲ့ ဧည့်ပန်းချီဆရာတွေဟာ မှင်တက် မိပါတော့တယ်။
ပန်းချီဆရာလည်းဖြစ်၊ ကာတွန်းရုပ်ပြ ဆွဲတဲ့ လူလည်းဖြစ်တဲ့ ဂျူယန်ဒိုးဟာ ပါးစပ်အဟောင်းသားနဲ့
"သူ့ကြည့်ရတာ သရဲမရဲ စီးနေသလိုပါပဲ"လို့ တအံ့တဩနဲ့ ပြောပါတယ်။
"လူ့အဆုတ် နှစ်ခုနဲ့တူတယ်" လို့ အခုထိ စိုနေတုန်းရှိသေးတဲ့ သားရေပြားကို ကြည့်ပြီး တအံ့တဩဖြစ်နေတဲ့ ကြော်ငြာဓာတ်ပုံဆရာ ၀ါ့ဒ် ယိုရှီမိုတိုက ပြောပါတယ်။
စတူဒီယိုပိုင်ရှင် ဟေစတီရဲ့ ငယ်ငယ်တုန်းက အကြိုက်ဆုံး ချိစ်နာမည်ကို အစွဲပြုပြီးမှည့်ထားတဲ့ တယ်လီလို့ ခေါ်တဲ့ ၁၀ နှစ်သမီး ခွေးမလေးဟာ နယူးယော့ခ် က ရုန်းကန်နေရတဲ့ ပန်းချီဆရာအုပ်စု အိပ်မက်ပဲမက် နိုင်တဲ့ ပန်းချီနဲ့ အသက် မွေးဝမ်းကျောင်းမှုကို သူက လက်တွေ့ အကောင်အထည်ဖော်နိုင်ပါပြီ။
တွမ်ဆေ့ခ်ျစ်နဲ့ ဂျွန် ကက်ဆလာတို့လို အောင်မြင်နေတဲ့ အမေရိကန်အနုပညာ ရှင်တွေနဲ့တောင် ပူးပေါင်း ဆောင်ရွက် နေပြီ။
ဒေါ်လာ ၁,၀၀၀ ကျော်ဖိုးရောင်းလိုက် ရတဲ့ ခွေးမလေးရဲ့ ပန်းချီကားတွေကို ဖလော်ရီဒါမှာ တစ်ကိုယ်တော် ပြပွဲတစ်ပွဲ လုပ်ခဲ့ပြီးစ။ အခုလက်ရှိ အော့တ၀ါ ပြည်နယ်က တိရစ္ဆာန်အနုပညာပြပွဲမှာ ပါဝင်ပြသနေပါတယ်။
အောက်တိုဘာ လမှာ လူသားပန်းချီဆရာနှစ်ဦးဖြစ်တဲ့ ယိုရှီမိုတိုနဲ့ ဒိုးတို့ ကျင်းပမယ့် ပြင်သစ် ပန်းချီပြပွဲမှာ သူ့လက်ရာတွေ ပါဝင်ဦးမှာပါ။
ဒါပေမယ့် တယ်လီဟာ ပန်းချီဆရာ တစ်ယောက်လား၊ ဒါမှမဟုတ် ဆေးသုတ် ထားတဲ့ ပန်းချီဆွဲ သားရေပြား တွေကို ဆွဲရဖြဲရတာကိုပဲ ကြိုက်နေသူလားတော့ မသေချာသေးပါဘူး။
တချို့မီဒီယာတွေကတော့ တယ်လီ ကို အတုအယောင်လို့ သမုတ်ကြပါတယ်။
ကမ္ဘာမှာ တစ်နေ့တခြား ကြီးထွားလာတဲ့ ဆင်၊ ချန်ပန်ဇီနဲ့ လိပ်အစရှိတဲ့ တိရစ္ဆာန်တွေပါဝင်တဲ့ ပန်းချီအနု ပညာ ကမ္ဘာမှာ တယ်လီက ထိပ်တန်းခွေး တစ်ကောင် ဖြစ်လာတဲ့အခါမှာ ဟေစတီး က တစ်ခုခု ထူးခြား နေပြီလို့ နားလည် လိုက်ပါတယ်။
၃၆ နှစ်အရွယ် ဂျူယန်ဒိုး ပြောတာကတော့ တယ်လီရဲ့ အာရုံစိုက်နိုင်စွမ်းက အနုပညာရှင်တွေ စိတ်ကူး ကမ္ဘာထဲမှာ မျောသွားတဲ့အခါမှာ ဖြစ်လာတတ်တဲ့ ပြင်းပြတဲ့ ဆန္ဒမျိုးနဲ့ တူတယ်လို့ ပြောပါ တယ်။
"လူတွေက ပန်းချီကား ၀ယ်တဲ့အခါ မှာ ဘာနဲ့တူသလဲဆိုတာ ကြည့်ဝယ်တာ မဟုတ်ပါဘူး။ ပါရမီရှင် တစ်ယောက်ရဲ့ လက်ရာတွေထဲက တစ်ခုခုကို လိုချင်တာပါ။
"ဘယ်သူကမှတော့ ခွေးက ပါရမီရှင် လို့ မပြောချင်ကြဘူးပေါ့" လို့ ဟေစတီး က ပြောပါတယ်။
လူတွေက တယ်လီရဲ့ ပါရမီအဆင့်ကို အငြင်းပွားနေချိန်မှာ တယ်လီကတော့ မလှုပ်မယှက်နဲ့ နေရာလွတ် တစ်ခုကို စိုက် ကြည့်နေပါတယ်။ သူဟာ ပြောင်မြောက်တဲ့ လက်ရာတစ်ခု ရေးဆွဲဖို့ စဉ်းစားနေတာ ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့။
http://www.myanmar.mmtimes.com/2009/timeout/430/t007.htm
Newer Posts
Older Posts
Home
Subscribe to:
Comments (Atom)
Followers
Blog Archive
►
2010
(3)
►
December
(1)
►
October
(1)
►
January
(1)
▼
2009
(3)
▼
September
(2)
from snapshot journal
artist dog
►
August
(1)